သမိုင်း
ဗမာပြည် သမိုင်းကတော့ ရိုးရိုးလေးပါ။ လူတွေ အတ္တသိပ်စွဲကပ် အာဏာတွေရူးနေကြတော့ ဗမာပြည်ကြီး အခုလိုဖြစ်နေရတာပါ ၊ အင်္ဂလိတ် အစိုးရလက်အောက်ရောက်ထားတဲ့ ဗမာနိုင် ကို လွတ်လပ်ရေးရအောင် ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းနေချိန်မှာ၊ ဗမာပြည်တွင်းမှာ ရှိတဲ့  ကိုယ့်ဒေသကိုယ် အုပ်ချုပ် နေထိုင်ကြတဲ့  တိုင်းရင်းသားတွေ အပေါ် အင်္ဂလိတ် အစိုးရရဲ့ သြဇာလွမ်းမိုးမှု ခံခဲ့ ရတာလည်း ဒေသတိုင်းပါဘဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဗမာပြည်လွတ်မြောက်ရေးမှာ နယ်မြေဒေသ အသီးသီးမှာရှိကြတဲ့  တိုင်းရင်းသားတွေနဲ့  လက်ချင်းဆက်ပြီးအင်္ဂလိတ် အစိုးရ ကို တိုက်ထုတ်ဖို့ နဲ့  ဗမာပြည်လွတ်မြောက်တဲ့ အခါ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတဲ့ ပင်လုံမြို့ မှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်လက်မှတ်ရေးထိုးခဲ့ ကြတဲ့  ပင်လုံစာချုပ် က သက်သေတည်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း မမျှော်လင့်ဘဲ ကျဆုံးသွားတဲ့ နောက် ၊ ဗမာပြည်လည်းလွတ်မြောက်ရေးရပြီးနောက် ပင်လုံစာချုပ်ပါ အချက်အတိုင် ကိုယ်ပိုင်းအုပ်ချုပ်ရေး စတင်တောင်းဆိုတဲ့ အပေါ် ဗမာ ငညှစ် အစိုးရမပေး တာကစပြီး တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အစည်းတွေ အနှေး နဲ့ အမြန် ဗမာအစိုးရ ကိုတော်လှန်တော့ တာပါဘဲ။ ဒီပြသနာဟာ အခုထိရှိပါတယ် ဘာဖြစ်လို့ လဲဆိုတော့  ဗမာအစိုးရဟာ ကတိမတည်တဲ့ အစိုးရမို့ ပါဘဲ ။ အမေစု တို့ မဲနိုင်တော့ လည်း မျက်နှာပြောင်တိုက်ထားတာ ကမ္ဘာက အသိပါ။
တိုင်းရင်းသာလက်နက်ကိုင်တွေဟာ ဗမာအကြမ်းဖက်အုပ်စုပြောသလို ၀ါဒဖြန့် သလို သူခိုးဓါးပြ သောင်းကျန်းသူတွေတော့ မဟုတ်ပါဘူး၊ ကျတော်ဟာဗမာစစ်စစ် တယောက် တိုင်းရင်းသားဒေသတွေမှာ ဖြတ်သန်းရင်း အဖြစ်မှန် တွေနဲ့ ကိုယ်တိုင် ထိတွေ့ မြင်ခဲ့ လို့ ပါဘဲ။ ပြည်တွင်းက ဘယ်လိုမှ မမြင်နိုင်တဲ့ လက်လှမ်းမမှီနိုင်တဲ့ ဒေသတွေမှာ စစ်အာဏာရှင်တွေ ထင်သလို ရမ်းကား မုဒိန်းကျင့်  ရွာမီးရှို့  သတ်ဖြတ်နေတာ အခု အချိန် အထိ ပါဘဲ။
(ဆက်ရေးမယ်ခင်မျာ)